About
Eng
  • Please activate Polylang or WPML plugin to show available languages.
Home Blog Knowledge Sharing ဒါတွေကိုရေခဲသေတ္တာထဲမှာထားနေတုန်းလား?

ဒါတွေကိုရေခဲသေတ္တာထဲမှာထားနေတုန်းလား?

ရေခဲသေတ္တာဆိုတာအစားအသောက်နဲ့ အသီးအရွက်တွေကို လတ်လတ်ဆက်ဆက်နဲ့အေးခဲပြီးသိမ်းထားနိုင်တဲ့နေရာပါ။

ဒါပေမဲ့တချို့သော အစားအသောက်နဲ့ အသီးအရွက်တွေကရေခဲသေတ္တာထဲမှာထည့်လိုက်ရင်မူလလက်ဆက်မှုနဲ့အရသာတွေပျောက်ဆုံးတတ်လို့ အောက်ဖော်ပြပါအသီးနဲ့အစားစာတွေကိုတော့ရေခဲသေတ္တာထဲမှာမထားသင့်ပါဘူး။

🔸ခရမ်းချဉ်သီး၊အာလူး၊ကန်စွန်းဥနဲ့ကြက်သွန်နီကြက်သွန်ဖြူတွေရဲ့

အသီးမှာရှိတဲ့ ဆဲလ်အမြှေးပါးတွေကို ရေခဲသေတ္တာရဲ့လေအေးက ဖြိုခွဲကာရေဓာတ်ခမ်းခြောက်စေပြီး လတ်ဆက်မှုနဲ့အာနိသင်ကိုပျက်စီးစေလို့ ရေခဲသေတ္တာထဲမှာမထည့်သင့်ပါဘူး။

🔸ငှက်ပျောသီး၊သရက်သီး၊ထောပတ်သီးနဲ့မခွဲရသေးတဲ့ဖရဲသီးတွေရဲ့ အရသာနှင့် ကြွယ်ဝမှုကို အကောင်းဆုံးခံစားနိုင်ရန် ရေခဲသေတ္တာထဲမှာ မသိမ်းဆည်းပဲ အခန်းအပူချိန်မှာ အမှည့်အောင်ပဲထားသင့်ပါတယ်။

🔸အသီးတွေတင်မဟုတ်ပဲ ပျားရည်၊ပါမုန့်၊ဆန်းဒဝစ်လိုအစားစာတွေကို ရေခဲသေတ္တာထဲမှာထားလိုက်ရင် သဘာဝအမိုင်နိုအက်ဆစ်နှင့် ဗီတာမင်များစွာ ဆုံးရှုံးသွားနိုင်တာကြောင့် အခန်းအပူချိန်မှာပဲလေလုံအောင်သိမ်းဆည်းသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ရေခဲသေတ္တာထဲမှာ ဘာတွေမထားသင့်လဲသိသွားလောက်မယ်ထင်ပါတယ်။

ဒီPostလေးကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်တယ်ဆိုရင်တစ်ခြားသူတွေဆီမျှဝေပေးလို့ရပါတယ်ရှင့်😍

Related Post

Leave a Reply

Your email address will not be published. Required fields are marked *