About
Eng
  • Please activate Polylang or WPML plugin to show available languages.
Home Blog Knowledge Sharing ဘိလပ်မြေဘယ်ကစလာသလဲ???

ဘိလပ်မြေဘယ်ကစလာသလဲ???

အဆောက်ဦး၊လမ်းတံတားတွေဆောက်လုပ်ရာမှာ အရေးပါတဲ့ဘိလပ်မြေဟာ ၁၉ ရာစု ဗြိတိသျှကျောက်သမား (ဂျိုးဆက်အက်စ်ဒင်) Joseph Aspdin ကတီထွင်ခဲ့ပါတယ်။
Joseph Aspdin ကို December 25, 1778 ခုနှစ် Leeds မြို့, Englandမှာ မွေးဖွားခဲ့ပါတယ်။
ကမ္ဘာ့ပထမဆုံးဘိလပ်မြေကို ဂျိုးဆက်အက်စ်ဒင် က သူ့အိမ်မှာရှိတဲ့ မီးဖိုချောင်မှာ ထုံးကျောက်နှင့်ရွှံ့စေးတို့ကို အပူပေးမီးဖုတ်ကာအမှုန့်အဖြစ် အဆင့်ဆင့်ပြုလုပ်ပါတယ်။နောက်ဆုံးအချောသပ် ရလဒ်က ကမ္ဘာ့ပထမဆုံး ဟိုက်ဒရောလစ် ဘိလပ်မြေ ဆိုပြီးဖြစ်လာခဲ့ပါတယ်။
ဒီဘိလပ်မြေက ရေ၊သဲထည့်ပြီးကျောက်သားတွေနဲ့တွဲလိုက်တဲ့အခါ မာကျောခိုင်ခံ့ပြီးပေါင်းစပ်သွားတာကြောင့် ဥရောပက အိမ်တွေဆောက်ရာမှာ စတင်ပြီးတွင်တွင်ကျယ်ကျယ်သုံးလာခဲ့ကြပါတယ်။1824 မှာတော့သူ့ရဲ့တီထွင်မှုကို မူပိုင်ခွင့်ရယူခဲ့ပြီး လန်ဒန်မြို့အနီးရှိ Rotherhithe မှာ သူ့ရဲ့ကိုယ်ပိုင်စက်ရုံကို တည်ထောင်ခဲ့ပါတယ်။
ဂျိုးဆက်အက်စ်ဒင်ရဲ့တီထွင်မှုက ယနေ့ခေတ် အဆောက်အဦးတွေဆောက်လုပ်တဲ့အခါ အရေးပါလှတဲ့ CEMENT ဘိလပ်မြေရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘိလပ်မြေတွေကို ခေတ်အဆက်ဆက် သုတေသနပြုလုပ်ပြီး ကောင်းသထက်ကောင်းအောင် ပြုပြင်ထုတ်လုပ်လာကြပြီဖြစ်ပါတယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *