About
Eng
  • Please activate Polylang or WPML plugin to show available languages.
Home Blog Knowledge Sharing ဂတ်စ်မီးဖိုတွေသုံးတော့မယ်ဆိုရင်-

ဂတ်စ်မီးဖိုတွေသုံးတော့မယ်ဆိုရင်-

▪️အသုံးပြုမဲ့မီးဖိုချောင်ကိုလေဝင်လေထွက်ကောင်းအောင်လုပ်ထားပါ။ဘာကြောင့်လဲဆိုရင်ဂတ်စ်မီးဖိုတွေကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ် က မူးဝေခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်စေတာကြောင့် လေဝင်လေထွက်ကောင်းတဲ့နေရာမှာသုံးပါ။
▪️ဂတ်စ်မီးဖိုတွေကိုနေရောင်အောက်မှာတိုက်ရိုက်ချက်ပြုတ်ခြင်းတွေကိုရှောင်ကျဉ်ပါ။မီးဖိုနားမှာ မီးလောင်လွယ်မီးကူးစေတဲ့ ပစ္စည်းများထားခြင်းမှရှောင်ကြဉ်ပါ။
▪️ချက်ပြုတ်ရင် မီးလျော့ခဲ့တာမျိုးတွေ မီးမပိတ်မိခဲ့တာမျိုးတွေမပြုလုပ်သင့်ပါဘူး။အသုံးပြုပြီးတဲ့အခါမှာလည်း မီးပိတ်တဲ့ခလုတ်ကိုသေသေချာချာလှည့်ပြီး ဂတ်စ်မထွက် တော့အောင် ပိတ်ထားခဲ့သင့်ပါတယ်။
▪️ဂတ်စ်အိုးနဲ့အသုံးပြုတဲ့သူတွေဆိုရင်တော့ အသုံးမပြုတာကြာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မီးဖိုနဲ့ဂတ်စ်အိုး သွယ်ထားတဲ့ကြိုးကိုဖြုတ်ထားလိုက်ပါ။
▪️ချက်ပြုတ်ပြီးလို့ ဆီနဲ့အညစ်အကြေးတွေကို သန့်ရှင်းမယ်ဆိုရင် ရေစိုအဝတ်(သို့)ဆပ်ပြာရည်ပါးပါးနဲ့ သန့်ရှင်းပေးခြင်းအားဖြင့် ဂတ်စ်မီးဖိုတွေကိုစနစ်တကျနဲ့ နည်းလမ်းမှန်မှန် အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ကြပါစေနော်…

Related Post

Leave a Reply

Your email address will not be published. Required fields are marked *