နေ့တိုင်းဒယ်နီလေးသုံးဖြစ်ရင်ဒါလေးတွေသိထားဖို့လိုမယ်နော်…
ဒယ်နီဆိုတဲ့စကားလုံးက မြန်မာလူမျိုးတွေရဲ့နေ့တိုင်းသုံးပစ္စည်းတွေထဲကတစ်ခုလို့ဆိုလိုရင်လည်းမမှားနိုင်ပါဘူး။
ဒယ်နီတွေမှာ စတီးခံနဲ့non-stick pan ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
ဟင်းချက်ဖို့ပဲဖြစ်ဖြစ် အကြော်လှော်တွေအတွက်ပဲဖြစ်ဖြစ် မြန်ဆန်လွယ်ကူပြီးအချိန်ကုန်သက်သာစေလို့ လူတိုင်းနှစ်သက်ကြပါတယ်။
ဒယ်နီကိုအမြဲသုံးဖြစ်တယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေတက်နေချိန်မှာ အပျက်အစီးနည်း၊ အန္တရာယ်လည်းကင်းအောင် အောက်ကအချက်လေးတွေကိုပြောပြပေးလိုက်ပါတယ်။
(၁)စိုစွတ်နေသောလက်ဖြင့်သုံးစွဲခြင်း။
ဒယ်နီလို လျှပ်စစ်ပစ္စည်းတွေကိုရေစိုနေတဲ့လက်တွေနဲ့အသုံးမပြုတာအကောင်းဆုံးပါ။အထူးသဖြင့်မိမိအိမ်က လျှပ်စစ်သွယ်တန်းထားတဲ့ Ground ကြိုးမရှိရင်ပိုသတိထားသင့်ပါတယ်။ဖိနပ်စီးပြီးခြောက်သွေ့တဲ့လက်နဲ့အသုံးပြုတာဟာအသင့်တော်ဆုံးပါ။
(၂) Perfluorooctanoic Acid Free ဖြစ်မဖြစ်စစ်ဆေးပါ။
ဒယ်နီမဝယ်ခင် ဘူးမှာ PFOA Free စာသားပါမပါစစ်ဆေးဖို့အရေးကြီးပါတယ်။PFOA က မကပ်အောင်ပြုလုပ်ထားတဲ့ ဓာတ်ပစ္စည်းဖြစ်ပြီးတော့ အရည်သွေးနိုမ့် non-stick pan တွေမှာ တွေ့ရတတ်ပါတယ်။ဒီအက်စစ်က ကြော်ချက်လိုက်တဲ့အခါအပူနဲ့ထိတွေ့ကာ ဓာတ်ပြုပြီးတော့ ကင်ဆာဖြစ်စေတယ်လို့သိရပါတယ်။အရည်သွေးကောင်းပြီး Brandedပစ္စည်းတွေကိုရွေးဝယ်တာကအကောင်းဆုံးဖြစ်ပါတယ်။
(၃)စနစ်တကျဆေးကြောခြင်း။
ချက်ပြုတ်ပြီးတာနဲ့ ချက်ခြင်းဆိုသလို ရေလောင်းပြီးရေစိမ်ထားတာမျိုးတွေမပြုလုပ်သင့်ပါဘူး။သူ့အပေါ်မှာပါတဲ့ Steel Coating တွေအပူအအေးတိုက်ရိုက်ကြောင့် ပျက်စီးလာတဲ့အခါ အိုးကပ်တာတွေ တူးတာတွေဖြစ်လာစေနိုင်ပါတယ်။
(၄)မီးအပူရှိန်ကိုထိန်းညှိပါ။
အိုးအလွတ်ထဲမှာဘာမှမထည့်ရသေးပဲဒီအတိုင်းမထားသင့်ပါဘူး။ဒီလိုလုပ်တာတွေက အခန့်မသင့်ရင့်အိုးရဲ့ကွိုင်ကိုပါပျက်စီးစေနိုင်ပါတယ်။အိုးထဲကိုရေ(သို့)ဆီထည့်ပြီးမှသာမီးဖွင့်သင့်ပါတယ်။အပူချိန်ကို၂၅၀ဒီဂရီလောက်ထိပဲအမြင့်ဆုံးထားသုံးသင့်ပါတယ်။
(၅)ခလုပ်/မီးပလပ်တို့ကိုစနစ်တကျအသုံးပြုပါ။
မီးပလုပ်ပေါက်ထိုးတာနဲ့ခလုပ်တွေကို ဆီ/ရေတွေမဝင်အောင်သေချာဂရုစိုက်ပြီးသုံးသင့်ပါတယ်။ဒါမှသာကြာရှည်အသုံးခံမှာပါ။
ဒီလောက်ဆိုရင် ဒယ်နီလေးတွေကိုအပျက်အစီးနည်းပြီး၊လျှပ်စစ်အန္တရာယ်ကင်းရှင်းအောင်ဘယ်လိုအသုံးပြုရမလဲသိသွားလေက်ပြီထင်ပါတယ်။
အော်….ဒယ်နီဝယ်မယ်ဆိုရင်လဲမင်မင်တို့ HOMEGA Home Mart မှာ နိုင်ငံတကာအဆင့်မှီ Brand တွေရှိပါတယ်နော်။