သက်ရှည်ကျန်းမာအောင် နေထိုင်နည်း
သက်ရှည်ကျန်းမာဖို့အတွက် လုပ်ဆောင်ရမဲ့အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။
၁။ လှုပ်လှုပ်ရှားရှားနေပါ။
လူ့ခန္ဓာကိုယ်က တစ်ရက်ကို ၁၃ နာရီလောက် လှုပ်ရှားမှုရှိပေးသင့်ပါတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုရှိမှသာ အစာခြေဖျက်နိုင်စွမ်းနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်စဉ်တွေ ကောင်းကောင်းလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
၂။ အိပ်ရေးဝအောင်အိပ်ပါ။
အိပ်စက်ခြင်းဟာလည်း လူတစ်ယောက်အတွက် အရေးပါဆုံး ကျန်မာရေးဆောင်တာတွေထဲက တစ်ခုဖြစ်ပါတယ်။အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ တစ်နေ့တာအိပ်စက်ချိန်ဟာ အနည်းဆုံး ၇ နာရီထိ ရှိသင့်ပါတယ်။ အိပ်စက်ချိန်လျော့နည်းလာရင် အာရုံစူးစိုက်မှုအားနည်းတာ၊ သတိမေ့တာ၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် အချို့သော ကင်ဆာများဖြစ်နိုင်ပြီး နောက်ဆုံးအဆင့် သေဆုံးတာတွေအထိပါ ဖြစ်နိုင်ပါတယ်။
၃။ လေကောင်းလေသန့်ရှုပါ။
မိမိအိမ်ခန်း၊ အိပ်ခန်းတွေက လေကောင်းလေသန့်ရဖို့ လိုအပ်ပါတယ်။ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ လမ်းလျောက်တာ၊ အားကစားလုပ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။
၄။ တစ်နေ့တာ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိအောင် နေထိုင်ပါ။
မိမိအခန်းထဲမှာ အမြဲရှိနေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုရင်းနေရောင်ခြည်နဲ့ ထိတွေမှုရှိသင့်ပါတယ်။ နေရာင်ခြည်ကရတဲ့ Vitamin D ဟာ လူ့ခန္ဓာကိုယ်က အဖွဲ့စည်းတွေအတွက် အရေးပါ ပါတယ်။
၅။ ရေများများသောက်ပါ။
လူ့ခန္ဓာကိုယ်ရဲ့ ၃ ပုံနှစ်ပုံဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ တစ်နေ့ကို ရေ ၃ လီတာ ပုံမှန် သောက်သုံးပေးသင့်ပါတယ်။ရေသန့်ကို ပုံမှန်သောက်သုံးပါက လူ့ခန္ဓာကိုယ် ကြည်လင်လန်းဆန်းစေပြီး အသားအရေလည်း စိုပြေစေပါတယ်။
ဒါတွေကတော့ မိတ်ဆွေတို့ နေ့စဉ်ဘဝမှာ ကျန်းမာရွှင်လန်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်အောင် ကျွန်တော်တို့ HOMEGA Home Mart ကနေ ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ့။