Cart (0)
Close
ရေခဲသေတ္တာအကြောင်း သိကောင်းစရာ
အိမ်ကရေခဲသေတ္တာလေးကို
- ဘယ်လိုထိန်းသိမ်းရမယ်
- ဘယ်လိုအသုံးပြုရမယ်ဆိုတာလေးပြောပြပေးမယ်နော်။
ရေခဲသေတ္တာတွေက အဓိကအားဖြင့် Coil type နဲ့ Fan Type ဆိုပြီးနှစ်မျိုးရှိပါတယ်။
Coil Type တွေကိုတော့ Chest Freezer တွေမှာ အသုံးပြုတာ ပိုများပါတယ်။ Coil Typeတွေက ကာလကြာရှည်လာရင် အအေးဓာတ်ကြောင့် Coil နဲ့ ချိတ်ဆက်ထားတဲ့အပိုင်းတွေမှာ ရေခဲထုအထူကြီးတွေဖြစ်လာပါတယ်။
- ရေခဲထုတွေကို ချွန်ထက်သော အရာဝတ္ထုများနဲ့ ထိုးချခြင်းလုံးဝမပြုလုပ်သင့်ပါဘူး။ Freezer အခန်းထဲမှာ ရေခဲနေရင် Defrost ခလုတ်နှိပ်ပြီးတော့ စနစ်တကျ အရည်ဖျော်ပေးပြီး သန့်ရှင်းသင့်ပါတယ်။
- ရေခဲသေတ္တာထဲမှာ အနံ့ပြင်းတဲ့ ပစ္စည်းတွေထည့်ရင် သေချာလုံခြုံအောင် ထုတ်ပိုးပြီးမှ ထည့်သင့်ပါတယ်။
- အသားငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သီးခြားအကန့်လေးနဲ့ သိမ်းဆည်းရပါမယ်။
- Freezerခန်းထဲမှာတော့ Gas ပါတဲ့အချိုရည်ပုလင်းတွေ လုံးဝ မထည့်သင့်ပါဘူး။ အအေးဓာတ်လွန်ကဲလာရင် ပေါက်ကွဲနိုင်ပါတယ်။
ဒါတွေကတော့ ကာကာတို့အိမ်က ရေခဲသေတ္တာလေးတွေမှာ ဆောင်ဖို့ရှောင်ဖို့လေးတွေကိုဖော်ပြပေးထားပါတယ်ခင်ဗျ။ရေခဲသေတ္တာတွေဝယ်ဖို့ လိုအပ်လာရင်လဲ ကျွန်တော်တို့ HOMEGA Home Mart မှာ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရောင်းချပေးနေပါပြီဗျ။
Telegram Channel – t.me/homegahomemart62
Hotline – 09 400 418 490