ကြွေခွက်နဲ့ကော်ဖီ/လက်ဖက်ရည်ခွက်တွေကအစွန်းအထင်းတွေကိုဘယ်လိုမျိုးအလွယ်ဆုံးနည်းနဲ့ဆေးကြောမလဲ?
ကြွေခွက်လှလှလေးတွေမှာ အသုံးပြုတာကြာရင် ဝါကျင့်ကျင့် အစွန်းအထင်းတွေဖြစ်လာတာမျိုးတွေကြုံဖူးမှာပါ။ဆပ်ပြာနဲ့သေချာတိုက်ချွတ်ရင်လဲအစွန်းတွေက ရှိနေတုန်းပါပဲ။အထူးသဖြင့်ကော်ဖီ၊လက်ဖက်ရည်ထည့်တဲ့ခွက်တွေမှာဆို ပိုလို့တောင်အဖြစ်များပါတယ်။
ဒီလိုစွန်းအထင်းတွေ ပျောက်အောင် ပြုလုပ်ရမဲ့နည်းလမ်းလေးတွေကို မျှဝေပေးမှာပါ။
(၁)ဖွဲပြာအနည်းငယ်နဲ့ ဆပ်ပြာမှုန့်ကိုရောပြီးအဝါရောင်အစွန်းထင်းတွေနေရာကိုဖိတိုက်ပါ။
(၂)အစွန်းထင်းနဲနဲပဲ ပေနေသေးတဲ့ခွက်တွေဆိုရင် အစွန်းထင်းချွတ်တဲ့ ဆပ်ပြာရည်ကို ရေနွေး(ကြက်သီးနွေး)နဲ့ဖျော်ပြီးခွက်တွေကိုအနှံ့တိုက်ကာ ၂မိနစ်လောက် စိမ်ထားလိုက်ပါ။ပြီးရင်တော့ရေအေးနဲ့ဆေးချလိုက်ပါ။
(၃)ဗင်နီကာအရည်ကိုခွက်ရဲ့ ၂/၃လောက်ထည့်ပါ။ကျန်တဲ့၁ပုံစာကို ရေနွေးပူပူနဲ့စိမ်ပြီး ၁၀မိနစ်လောက်ထားလိုက်ပါ(ရေနွေးအေးသွားသည်အထိ)။ဒီလိုမျိုးလုပ်ခြင်းကနှစ်ရှည်လများစွဲနေတဲ့အစွန်းတွေကိုချွတ်လို့ရပါတယ်။
(၄)Baking Soda ကိုရေနွေးနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး အိုးတိုက်ဖော့နဲ့ တိုက်ချွတ်ပေးပါ။ဒီတစ်ချက် ကတော့တခြားနည်းတွေထက်ပိုပြီးတော့ထိရောက်နိုင်ပါတယ်။
အပေါ်ကနည်းလေးတွေသုံးပြီးတော့ အစွန်းအထင်းတွေမရှိတဲ့ကြွေခွက်တွေ၊လက်ဖက်ရည်/ကော်ဖီခွက် တွေပိုင်ဆိုင်နိုင်ကြပါစေနော်….